ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 30:1-8 Judson Bible (BJB)

1. ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကိုဆုံးမသောတရား စကား ဟူမူကား၊

2. အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။

3. ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။

4. ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။

5. ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။

6. စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။

7. ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။

8. အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 30