ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 29:1-6 Judson Bible (BJB)

1. အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။

2. ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။

3. ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။

4. တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။

5. အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။

6. အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 29