ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 21:11-26 Judson Bible (BJB)

11. မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဥာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။

12. တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။

13. ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။

14. တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။

15. ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။

16. ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သခင်္ျိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။

17. ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။

18. မတရားသောသူသည် တရားသောသူအဘို့၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ်၏။

19. စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။

20. ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။

21. ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။

22. ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။

23. မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။

24. ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။

25. ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။

26. တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 21