ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 11:17-24 Judson Bible (BJB)

17. သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။

18. မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။

19. ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။

20. သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။

21. လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။

22. သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။

23. ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။

24. စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 11