ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 1:7-11 Judson Bible (BJB)

7. ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။

8. ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။

9. ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။

10. ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။

11. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 1