ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 9:7-17 Judson Bible (BJB)

7. အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့် လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍ ၎င်းဆိုလေ၏။

8. အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကိုသတ်လေ၏။

9. သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။

10. အပြစ်ဖြေရာယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။

11. အသားနှင့် အရေကို တပ်ပြင်မှာမီးရှို့လေ၏။

12. မီးရှို့ရာယဇ်ကောင်ကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖြန်းလေ၏။

13. သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။

14. ဝမ်းထဲ၌ရှိသောအရာများနှင့် ခြေတို့ကိုဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။

15. လူများပူဇော်သက္ကာကိုလည်းဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက်ပူဇော်လေ၏။

16. မီးရှို့ရာယဇ်ကောင်ကိုလည်းဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။

17. ဘောဇဉ်ပူဇော်သက္ကာကိုလည်းဆောင်ခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 9