ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 9:2-13 Judson Bible (BJB)

2. အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါသောသိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။

3. ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါအခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ 

4. ထာဝရဘုရားရှေ့တော်၌ ပူဇော်သောမိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသောဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အားထင်ရှားတော်မူမည်ကိုပြောလော့ဟု ဆိုလေ၏။

5. မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ်အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။

6. မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ဘုန်းတော်သည် သင်တို့အားထင်ရှားမည်ဟူ၍၎င်း၊

7. အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့် လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍ ၎င်းဆိုလေ၏။

8. အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကိုသတ်လေ၏။

9. သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။

10. အပြစ်ဖြေရာယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။

11. အသားနှင့် အရေကို တပ်ပြင်မှာမီးရှို့လေ၏။

12. မီးရှို့ရာယဇ်ကောင်ကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖြန်းလေ၏။

13. သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 9