ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 9:15-22 Judson Bible (BJB)

15. လူများပူဇော်သက္ကာကိုလည်းဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက်ပူဇော်လေ၏။

16. မီးရှို့ရာယဇ်ကောင်ကိုလည်းဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။

17. ဘောဇဉ်ပူဇော်သက္ကာကိုလည်းဆောင်ခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။

18. လူများအတွက် မိဿဟာယယဇ်နွားထီး၊ သိုးထီးကိုလည်းသတ်၍၊ သူ၏ သားတို့သည် အသွေးကိုဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖြန်းလေ၏။

19. အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊

20. ရင်ပတ်ပေါ်မှာတင်၍ ယဇ်ပလ္လင်၌မီးရှို့လေ၏။

21. ရင်ပတ်နှင့် လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကိုပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။

22. အာရုန်သည် မိမိလက်ကိုလူများရှေ့သို့ချီလျက်၊ ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှဆင်းလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 9