ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 8:3-14 Judson Bible (BJB)

3. ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

4. မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။

5. မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊

6. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကိုခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊

7. အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်းခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။

8. ရင်ဖုံးကိုလည်းဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကိုသွင်းထားလေ၏။

9. သူ၏ခေါင်းပေါ်မှာဗောင်းကိုတင်၍၊ သန့်ရှင်းသောရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌တပ်လေ၏။

10. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည်လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှကိုလိမ်းသဖြင့် သန့်ရှင်းစေ၏။

11. ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာခုနစ်ကြိမ်ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါလိမ်းလေ၏။

12. လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာလောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ၏။

13. အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလျက်၊ ဦးထုပ်ကိုဆောင်းစေလေ၏။

14. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကိုနွားခေါင်းပေါ်မှာတင်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 8