ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 8:26-32 Judson Bible (BJB)

26. ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး၊ ဆီနှင့်လုပ်သောမုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့် လက်ျာပခုံးပေါ်မှာထည့်ပြီးလျှင်၊

27. အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သက္ကာပြုလေ၏။

28. ထိုအရာတို့ကိုသူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင်သောအနံ့ရှိ၍ အရာ၌ခန့်ထားရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာဖြစ်သတည်း။

29. ထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သက္ကာပြုလေ၏။ အရာ၌ခန့်ထားရာသိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။

30. တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏အဝတ်၌၎င်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကိုသန့်ရှင်းစေလေ၏။

31. မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏အသားကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကိုစားရကြမည်ဟု ငါ့အားမှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ခန့်ထားရာ မုန့်တောင်း၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။

32. ကျန်ကြွင်းသောအသားနှင့် မုန့်ကိုမီးရှို့ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 8