9. မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
10. ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အာရုန်၏သားအပေါင်းတို့သည် အညီအမျှယူရကြရမည်။
11. ထာဝရဘုရားအားပြုရသော မိဿဟာယယဇ်ပူဇော်ခြင်းတရားဟူမူကား၊
12. ကျေးဇူးတော်ဝန်ခံဘို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ကြော်သောမုန့်ပြားတို့ကို ပူဇော်ရမည်။
13. ထိုမုန့်ပြားမှတပါး၊ မိဿဟာယပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။
14. ပူဇော်သက္ကာရှိမျှအထဲကမုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ်ပုရောဟိတ်ယူရမည်။