ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 7:1-7 Judson Bible (BJB)

1. ဒုစရိုက်ဖြေသောယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။

2. မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကိုသတ်၍ အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။

3. အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊

4. ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ဆက်လျှင်၊

5. ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ်ဖြစ်သတည်း။

6. အသားကို ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။

7. အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကိုပြုသော ယဇ်ပုရောဟိတ်သည်ယူရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 7