5. မဟုတ်မမှန်ဘဲကျိန်ဆို၍၊ ရသောဥစ္စာအဘိုးနှင့်တကွ၊ ငါးစုတစုကိုထပ်၍ ဒုစရိုက်ဖြေသောယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အားပြန်ပေးရမည်။
6. ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့ရမည်။
7. ယဇ်ပုရောဟိတ်သည်ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
8. တဖန်မောရှေအား ထာဝရဘုရားက၊
9. သင်သည်အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင်ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည်အစဉ်လောင်ရမည်။