3. ပျောက်သောဥစ္စာကိုတွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကိုပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4. ထိုသူသည် ပြစ်မှား၍အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသောဥစ္စာ၊ လှည့်စား၍ရသောဥစ္စာ၊ သူတပါးအပ်နှံသောဥစ္စာ၊ ပျောက်၍တွေ့သောဥစ္စာ၊
5. မဟုတ်မမှန်ဘဲကျိန်ဆို၍၊ ရသောဥစ္စာအဘိုးနှင့်တကွ၊ ငါးစုတစုကိုထပ်၍ ဒုစရိုက်ဖြေသောယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အားပြန်ပေးရမည်။
6. ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့ရမည်။
7. ယဇ်ပုရောဟိတ်သည်ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
8. တဖန်မောရှေအား ထာဝရဘုရားက၊
9. သင်သည်အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင်ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည်အစဉ်လောင်ရမည်။