ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 6:19-30 Judson Bible (BJB)

19. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊

20. အာရုန်နှင့် သူ၏သားတို့သည်ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်းငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအားပူဇော်ရမည်။

21. ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအားမွှေးကြိုင်စရာဘို့ ပူဇော်ရမည်။

22. အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သက္ကာကိုပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော်ဖြစ်သတည်း။

23. ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။

24. တဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊

25. သင်သည် အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကိုသတ်ရမည်။ အလွန်သန့်ရှင်းပေ၏။

26. အပြစ်ဖြေဘို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။

27. ထိုအသားကိုထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌လျှော်ရမည်။

28. ထိုအသားပြုတ်သော မြေအိုးကိုခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ရေနှင့်ဆေးရမည်။

29. ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည် စားရကြမည်။

30. အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ်အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကိုမစားရ။ မီးရှို့ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 6