ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 4:16-30 Judson Bible (BJB)

16. ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊

17. မိမိလက်ညှိုးကို အသွေး၌နှစ်၍၊ ကုလားကာရှေ့ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။

18. တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။

19. နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။

20. အပြစ်ဖြေရာယဇ်ပြုသော နွားကိုပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကိုပြုသဖြင့်၊ ယဇ်ပုရောဟိတ်သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။

21. ထိုနောက်မှ နွားကိုတပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဘို့ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

22. မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊

23. မိမိပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ဆောင်ခဲ့ရမည်။

24. ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

25. ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။

26. မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ယဇ်ပုရောဟိတ်သည် မင်း၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။

27. ဆင်းရဲသားတစုံတယောက်သည် တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကိုပြုမိသဖြင့် အပြစ်ရောက်လျှင်၊

28. မိမိပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကိုဆောင်ခဲ့ရမည်။

29. အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။

30. ယဇ်ပုရောဟိတ်သည် အသွေးကိုလက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌သွန်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 4