ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 26:41-46 Judson Bible (BJB)

41. ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊

42. ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသောပဋိညာဉ်ကို၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။

43. ထိုပြည်သည် သူတို့လက်မှလွတ်၍၊ သူတို့မရှိဘဲလူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍ မထီမဲ့မြင်ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကိုဝန်ခံရကြလိမ့်မည်။

44. သို့ရာတွင် ရန်သူပြည်၌နေကြသောအခါ၊ သူတို့ကိုရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့် ငါပြုသောပဋိညာဉ်ကိုပယ်သည်တိုင်အောင် သူတို့ကိုငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ဘုရားခင်ထာဝရဘုရားဖြစ်၏။

45. ငါသည် သူတို့၏ဘုရားသခင်ဖြစ်အံ့သောငှါ သာသနာပလူတို့မျက်မှောက်၌၊ အဲဂုတ္တုပြည်မှငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသောပဋိညာဉ်ကို သူတို့အတွက်ငါအောက်မေ့မည်။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

46. ဤရွေ့ကားထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက်တွင်ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 26