ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 26:32-44 Judson Bible (BJB)

32. တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည်မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။

33. သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။

34. ထိုသို့ သင်တို့သည်ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသောကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။

35. လူဆိတ်ညံလျက်နေရသောကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ပြည်သည်မငြိမ်မဝပ်ရ။

36. ရန်သူပြည်မှာကျန်ကြွင်းသော သင်တို့စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကိုငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည်ကြောက်၍၊ ထားဘေးမှပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ်သူမျှမလိုက်သော်လည်း လဲကြလိမ့်မည်။

37. အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့်မည်။ ရန်သူရှေ့မှာ ရပ်နိုင်သောတန်ခိုးမရှိရ။

38. ရန်သူပြည်သည် သင်တို့ကိုမျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။

39. ကျန်ကြွင်းသောသင်တို့သည်၊ ရန်သူပြည်၌ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွအားလျော့ကြလိမ့်မည်။

40. သို့ရာတွင် သူတို့သည်ငါ့ကိုပြစ်မှား၍၊ ငါ့ကိုဆန့်ကျင်ဘက်ပြုသောကြောင့်၊

41. ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊

42. ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသောပဋိညာဉ်ကို၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။

43. ထိုပြည်သည် သူတို့လက်မှလွတ်၍၊ သူတို့မရှိဘဲလူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍ မထီမဲ့မြင်ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကိုဝန်ခံရကြလိမ့်မည်။

44. သို့ရာတွင် ရန်သူပြည်၌နေကြသောအခါ၊ သူတို့ကိုရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့် ငါပြုသောပဋိညာဉ်ကိုပယ်သည်တိုင်အောင် သူတို့ကိုငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ဘုရားခင်ထာဝရဘုရားဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 26