30. သင်တို့မြင့်သောအရပ်များကိုငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့အသေကောင်များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာပစ်ချ၍၊ သင်တို့ကိုစက်ဆုပ်ရွံရှာမည်။
31. သင်တို့မြို့များကိုငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့နံ့သာပေါင်း အမွှေးအကြိုင်ကိုငါမနမ်း။
32. တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည်မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။
33. သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။