ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 26:25-33 Judson Bible (BJB)

25. ငါ့ပဋိညာဉ်ဘက်၌နေ၍၊ တရားစီရင်ရသောထားဘေးကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည်မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ရောက်စေမည်။

26. သင်တို့၏အစာအာဟာရ အထောက်အပင့်ကိုငါပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။

27. ထိုမျှလောက်ခံရသော်လည်း၊ ငါ့စကားကိုနားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊

28. ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။

29. သင်တို့သည် ကိုယ်သားသမီးတို့၏အသားကို စားရကြလိမ့်မည်။

30. သင်တို့မြင့်သောအရပ်များကိုငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့အသေကောင်များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာပစ်ချ၍၊ သင်တို့ကိုစက်ဆုပ်ရွံရှာမည်။

31. သင်တို့မြို့များကိုငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့နံ့သာပေါင်း အမွှေးအကြိုင်ကိုငါမနမ်း။

32. တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည်မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။

33. သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 26