ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 24:3-11 Judson Bible (BJB)

3. အာရုန်သည်လည်း၊ ညဦးမှသည်နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

4. စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။

5. သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊

6. ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။

7. ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာဖြစ်စေခြင်းငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သောလောဗန်ကို တင်ထားရမည်။

8. ထာဝရဘုရားပဋိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုသ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည်။

9. ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည်ပိုင်၍၊ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။

10. အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသောသားတယောက်သည်၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊

11. နာမတော်ကိုပြစ်မှားလျက်ကျိန်ဆဲလေ၏။ ထိုသူ၏အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီးရှေလောမိတ် ဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 24