ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 24:15-19 Judson Bible (BJB)

15. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကိုခံရမည်။

16. ထာဝရဘုရား၏နာမတော်ကိုပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် ထိုသူကို အမှန်ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ နာမတော်ကိုပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။

17. လူအသက်ကိုသတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။

18. တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကိုလျော်ရမည်။

19. လူသည် အိမ်နီးချင်းကိုနာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်းကိုယ်ခံရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 24