ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 23:30-42 Judson Bible (BJB)

30. ထိုနေ့၌ အလုပ်တစုံတခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။

31. အဘယ်အလုပ်ကိုမျှမလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

32. ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။

33. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

34. သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲကိုခံရကြမည်။

35. ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ အလုပ်ကိုမလုပ်ရ။

36. ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ်ရမည်။

37. ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။

38. ဤရွေ့ကား၊ ထာဝရဘုရား၏ဥပုသ်နေ့၊ ထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သောပူဇော်သက္ကာ၊ အလိုလိုပြုသောပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသောဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း။

39. ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကိုသိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအားပွဲခံကြရမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ကြရမည်။

40. ပဌမနေ့၌ ကောင်းမွန်သောသစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကိုပြုရကြမည်။

41. ထိုပွဲတော်ကို တနှစ်တနှစ်လျှင်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ခံရကြမည်။

42. ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်သောအခါ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 23