ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 23:2-8 Judson Bible (BJB)

2. သင်တို့သည် စီရင်ရသောဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊

3. ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကိုပြုရသောနေ့ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။

4. အချိန်တန်မှ သင်တို့ကြော်ငြာရသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ပွဲတော်များဟူမူကား၊

5. ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။

6. ၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကိုခံရကြမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရကြမည်။

7. ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ။

8. ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကိုပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 23