ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 22:6-11 Judson Bible (BJB)

6. ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကိုရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကိုမစားရ။

7. နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှစားရကြမည်။

8. အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည်ထာဝရဘုရားဖြစ်၏။

9. ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကိုဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကိုစောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေ၏။

10. တပါးအမျိုးသားသည် သန့်ရှင်းသောအရာကိုမစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည်မစားရ။ သူငှါးလည်းမစားရ။

11. ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့်ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကိုစားရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 22