ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 22:27-32-33 Judson Bible (BJB)

27. သိုး၊ ဆိတ်၊ နွားတို့သည်မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာဘို့တော်သင့်၏။

28. နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင်မသတ်ရ။

29. ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါပူဇော်လော့။ တနေ့ခြင်းတွင်စားရမည်။ နက်ဖြန်နေ့တိုင်အောင်မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။

30. သင်တို့သည် ငါ့ပညတ်တို့ကိုကျင့်စောင့်ရကြမည်။ ငါသည်ထာဝရဘုရားဖြစ်၏။

31. သန့်ရှင်းသောငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။

32-33. ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 22