23. သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်းအပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
24. ကြိတ်နယ် စုတ်ပြတ်ရာအနာရှိသောအထီးကို ထာဝရဘုရားအားမပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။
25. ထိုသို့သောအကောင်ကို တပါးအမျိုးသားဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင်စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
26. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
27. သိုး၊ ဆိတ်၊ နွားတို့သည်မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာဘို့တော်သင့်၏။
28. နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင်မသတ်ရ။
29. ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါပူဇော်လော့။ တနေ့ခြင်းတွင်စားရမည်။ နက်ဖြန်နေ့တိုင်အောင်မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
30. သင်တို့သည် ငါ့ပညတ်တို့ကိုကျင့်စောင့်ရကြမည်။ ငါသည်ထာဝရဘုရားဖြစ်၏။
31. သန့်ရှင်းသောငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။
32-33. ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။