ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 22:11-20 Judson Bible (BJB)

11. ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့်ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကိုစားရမည်။

12. ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကိုမစားရ။

13. သို့ရာတွင်လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ်အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။

14. လူသည်သန့်ရှင်းသောအရာကို မသိဘဲစားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစုကိုထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။

15. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။

16. ထိုအရာတို့ကိုစားမိ၍ ပြစ်မှားသောအပြစ်ကိုမခံစေရ။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။

17. တဖန်မောရှေအားထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊

18. ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိရှိ၍ပြုသောပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊

19. စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။

20. အပြစ်ပါသောအကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 22