ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 20:7-18 Judson Bible (BJB)

7. သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။

8. ငါ့နည်းနိဿယတို့ကိုကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။

9. မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကိုအမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။

10. သူ့မယားကိုပြစ်မှားသောသူသည် မှားယွင်းသောမိန်းမနှင့်တကွ အသေသတ်ခြင်းကိုအမှန်ခံရမည်။

11. ကိုယ်အဘ၏မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

12. ယောက်ျားသည် ကိုယ်ချွေးမနှင့်သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သောရောနှောခြင်းကိုပြုသောကြောင့် အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

13. မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ်သောအမှုကိုပြုသောကြောင့်၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

14. ယောက်ျားသည် သမီးနှင့် အမိကိုမယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသောအမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကိုမီးရှို့ရမည်။

15. ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်းသတ်ရမည်။

16. မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

17. ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သောမိမိနှမနှင့် သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။

18. ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 20