ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 20:1-7 Judson Bible (BJB)

1. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2. ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူသည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။

3. ငါ့သန့်ရှင်းရာဌာနတော်ကိုညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသောနာမတော်ကို ရှုတ်ချလျက်၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။

4. မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို ပြည်သားတို့သည် အမှုမထားမသတ်ဘဲနေလျှင်၊

5. ထိုသို့ နေသောသူနှင့် သူ၏အိမ်သူအိမ်သားတို့ကို ငါသည်မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၌မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။

6. လမ်းလွဲ၍နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့လိုက်လျက်၊ မှားယွင်းသောသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။

7. သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 20