ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 19:11-15 Judson Bible (BJB)

11. သူ့ဥစ္စာကိုမခိုးရ။ သူတပါးကိုမလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။

12. ငါ့နာမကိုတိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကိုမပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။

13. ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကို မတရားသဖြင့်မသိမ်းရ။ အနိုင်အထက်ပြု၍မယူရ။ သူငှါးခံထိုက်သောအခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။

14. နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။

15. တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကိုမထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 19