ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 19:1-5 Judson Bible (BJB)

1. တဖန်မောရှေအား ထာဝရဘုရားက၊

2. သင်သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည်သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။

3. လူတိုင်း ကိုယ်မိဘကိုရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်းစောင့်ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

4. ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသောဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

5. မိဿဟာယယဇ်ကို ထာဝရဘုရားအားပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 19