2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
3. သင်တို့နေဘူးသော အဲဂုတ္တုပြည်၏အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏အကျင့်ကို၎င်း၊ သင်တို့သည်မကျင့်၊ သူတို့ တရားလမ်းသို့မလိုက်ရကြ။
4. ငါစီရင်ချက်ရှိသည်အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
5. ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
6. သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကိုချဉ်း၍ သံဝါသမပြုရ။ ငါသည်ထာဝရဘုရားဖြစ်၏။
7. သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
8. ကိုယ်အဘ၏မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။
9. တအိမ်တည်း၌မွေးဘွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။
10. ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။
11. အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကိုမချဉ်းရ။
12. သင့်အဘ၏ပေါက်ဘော်ရင်းဖြစ်သော အဘ၏နှမကို၎င်း၊
13. သင့်အမိ၏ပေါက်ဘော်ရင်းဖြစ်သော အမိ၏ညီအစ်မကို၎င်း၊
14. အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကို၎င်း၊