ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 17:14-16 Judson Bible (BJB)

14. အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသောကိုယ်ခန္ဓာ၏အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။

15. အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်၏အသားကို စားသော ကိုယ်အမျိုးသား၊ တပါးအမျိုးသားမည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။ ထိုနောက်စင်ကြယ်ခြင်းရှိ၏။

16. အဝတ်ကိုမလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကိုကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 17