ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 15:19-33 Judson Bible (BJB)

19. မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌နေရမည်။ သူ့ကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

20. ဥတုမစင်ကြယ်လျက်အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။

21. သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကိုထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။

22. ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

23. သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

24. ဥတုရောက်သောမိန်းမနှင့် သံဝါသပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။

25. ဥတုမစင်ကြယ်ရာကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင်ကြယ်လျက်နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။

26. အနာမပျောက်မှီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့၎င်း၊ ထိုင်ရာသည်၎င်း မစင်ကြယ်ဖြစ်၏။

27. ထိုအရာတို့ကိုထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။

28. ထိုမိန်းမသည်သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။

29. အဋ္ဌမနေ့၌ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။

30. ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍၊ ဥတုမစင်ကြယ်သောမိန်းမအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။

31. ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့မစင်ကြယ်ရာ၌ မသေစေခြင်းငှါ၊ သူတို့ကိုမစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။

32. ဤရွေ့ကား၊ ရိနာစွဲသောသူ၊

33. သုတ်ရည်ထွက်၍ညစ်ညူးသောသူ၊ ဥတုရောက်သောမိန်းမ၊ သံဝါသပြုသော ယောက်ျားမိန်းမ၊ မစင်ကြယ်သောမိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 15