ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 15:1-10 Judson Bible (BJB)

1. တဖန်မောရှေနှင့် အာရုန်အား ထာဝရဘုရားက၊

2. သင်တို့သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ ရိနာစွဲသော ယောက်ျားသည်မစင်ကြယ်။

3. အစဉ်ယိုသည်ဖြစ်စေ၊ တခါတလေရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။

4. အိပ်သမျှထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။

5. သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊

6. သူ၏ကိုယ်ကိုထိသောသူ၊

7. သူ၏တံထွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။

8. ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

9. ရိနာစွဲသောသူစီးသော ကုန်းနှီးလည်းမစင်ကြယ်။

10. သူ့အောက်၌ရှိသောအရာကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 15