ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:5-12 Judson Bible (BJB)

5. စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကိုသတ်စေပြီးမှ၊

6. အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသောရေ၌နှစ်ပြီးလျှင်၊

7. နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖြန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။

8. စင်ကြယ်စေရသောသူသည် မိမိအဝတ်ကိုလျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ်စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။

9. သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေးအစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကိုလျှော်ပြီးမှ၊ ရေချိုး၍စင်ကြယ်ရ၏။

10. အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါမလည်သောသိုးသငယ်အထီးနှစ်ကောင်၊ အမတကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို၎င်းယူပြီးလျှင်၊

11. စင်ကြယ်စေသောယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သောလူကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက်ရမည်။

12. သိုးသငယ်အထီးတကောင်ကိုယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသောပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14