ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:1-2-6 Judson Bible (BJB)

1-2. တဖန်မောရှေအား ထာဝရဘုရားက၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသောတရားဟူမူကား၊

3. ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသောအခါ၊ နူနာပျောက်သည်မှန်လျှင်၊

4. စင်ကြယ်စေခြင်းကိုခံရသောထိုသူအဘို့၊ အသက်ရှင်၍စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊

5. စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကိုသတ်စေပြီးမှ၊

6. အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသောရေ၌နှစ်ပြီးလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14