ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 13:53-56 Judson Bible (BJB)

53. ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌အနာမတိုးပွါးလျှင်၊

54. အနာစွဲသောအရာကို ဆေးလျှော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ်စီရင်၍ တဖန်ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။

55. ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။

56. ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကိုဆုတ်ဖဲ့ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 13