ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 13:4-15 Judson Bible (BJB)

4. ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

5. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

6. တဖန် သတ္တမနေ့၌ကြည့်ရှု၍ အနာသည် အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။

7. စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊

8. ယားနာတိုးပွားသည်ကိုမြင်သောအခါ၊ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။

9. နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။

10. ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌အသားစိုရှိလျှင်၎င်း၊-

11. ကိုယ်အရေ၌ ဟောင်းသောနူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်၍ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။

12. နူနာသည် အရေ၌တိုးပွား၍ အနာစွဲသောသူတကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊ 

13. ထိုသို့ တကိုယ်လုံးအနာနှံ့ပြားသောသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍စီရင်ရမည်။ တကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။

14. သို့မဟုတ် အသားစိုပေါ်လျှင်မစင်ကြယ်။

15. ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည်မစင်ကြယ်။ နူနာအမှန်ဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 13