23. သို့မဟုတ်နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။
24. အရေအသား၌မီးလောင်နာရှိ၍၊ မီးလောင်နာအသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊
25. ယဇ်ပုရောဟိတ်သည်ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။
26. ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ နူကွက်၌ဖြူသော အမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
27. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ နူကွက်သည် အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
28. သို့မဟုတ်နူကွက်မရွေ့၊ အရေ၌မတိုးပွား ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာ အဖူးဖြစ်၏။ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။
29. ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊
30. ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။
31. ထိုအနာကို ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သောအမွေးလည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟိတ်သည် ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
32. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာမတိုးပွား၊ ပါးသောအမေွးမရှိ၊ အရေအောက်၌စွဲဟန်လည်းမရှိလျှင်၊
33. ထိုသူ၏ အမွေးကိုရိတ်ရမည်။ အနာအမွေးကိုကားမရိတ်ရ။ တဖန် ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
34. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အရေ၌အနာမတိုးပွါး၊ အရေအောက်၌မစွဲလျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
35. စင်ကြယ်စေပြီးမှ၊ နောက်တဖန်ဗောက်နူနာတိုးပွါးလျှင်၊
36. ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍ အနာတိုးပွါးသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေးကို မရှာရ။ ထိုသူသည်မစင်ကြယ်။
37. သို့မဟုတ် ဗောက်နူနာသည်ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။
38. ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ဖြူသောနူကွက်ရှိ၍၊