ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 12:1-8 Judson Bible (BJB)

1. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 

2. မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။

3. အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။

4. ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံးနေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။

5. သားမိန်းမကိုဘွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံးနေရမည်။

6. သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ်ဘို့ အခါမလည်သော သိုးသငယ်တကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင်၊ သို့မဟုတ် ခိုတကောင်ကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။

7. ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ပူဇော်၍၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည်အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။

8. သိုးသငယ်ကိုမတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့တကောင်၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကိုဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်သူ့အဘို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမကိုဘွားမြင်သောအမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 12