ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 11:8-24 Judson Bible (BJB)

8. ထိုသို့သော တိရစ္ဆာန်အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့မှတ်ရကြမည်။

9. ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာစားရမည်။

10. အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသောရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက်နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။

11. အယပ်အကြေးနှင့် မပြည့်စုံသောရေတိရစ္ဆာန်အသားကို သင်တို့သည်မစားရ။

12. သူတို့အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။

13. သင်တို့သည်ရွံ့ရှာဘွယ်မှတ်၍ မစားရသောငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊

14. ဒါဟ၊ စွန်မျိုး၊

15. ကျီးမျိုးရှိသမျှ

16. ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊

17. သိမ်းမျိုး၊ ဇီးကွက်၊

18. ကြိုးကြာ၊ ဣဗိတ်၊ ငှက်ကျား၊ ဝံပို၊ ဝံလို၊

19. တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊

20. အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ်ဖြစ်ရကြမည်။

21. သို့ရာတွင် အတောင်ရှိလျက်ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေထက်ရှည်သော ခြေထောက်ရှိသောတိရစ္ဆာန်တို့တွင်၊

22. အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။

23. အတောင်ရှိ၍ခြေလေးချောင်းနှင့် တွားတတ်သောအခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ်ဖြစ်ရကြမည်။

24. ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကိုထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 11