ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 11:34-41 Judson Bible (BJB)

34. ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌သောက်စရာရေလည်း မစင်ကြယ်။

35. အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင်ကြယ်ရာသို့ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။

36. သို့ရာတွင် ရေစုဝေးရာစမ်းရေတွင်း၊ တူးသောရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေကောင်ကို ထိမိသောအရာသာ မစင်ကြယ်ရာသို့ရောက်၏။

37. ကြဲစရာမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။

38. ရေ၌စိမ်ထားပြီးသောမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌မစင်ကြယ်။

39. သင်တို့စားအပ်သောတိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။

40. ထိုအသေကောင်ကိုစားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်မစင်ကြယ်။

41. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 11