ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 11:1-8 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်တော်မူ၍၊

2. သင်တို့သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊ 

3. ခွါကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။

4. သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည်စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။

5. ရှာဖန်သည်စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

6. အာရနဘက်သည်စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

7. ဝက်သည်ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။

8. ထိုသို့သော တိရစ္ဆာန်အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့မှတ်ရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 11