အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 11 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်တော်မူ၍၊

2. သင်တို့သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊ 

3. ခွါကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။

4. သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည်စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။

5. ရှာဖန်သည်စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

6. အာရနဘက်သည်စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

7. ဝက်သည်ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။

8. ထိုသို့သော တိရစ္ဆာန်အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့မှတ်ရကြမည်။

9. ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာစားရမည်။

10. အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသောရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက်နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။

11. အယပ်အကြေးနှင့် မပြည့်စုံသောရေတိရစ္ဆာန်အသားကို သင်တို့သည်မစားရ။

12. သူတို့အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။

13. သင်တို့သည်ရွံ့ရှာဘွယ်မှတ်၍ မစားရသောငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊

14. ဒါဟ၊ စွန်မျိုး၊

15. ကျီးမျိုးရှိသမျှ

16. ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊

17. သိမ်းမျိုး၊ ဇီးကွက်၊

18. ကြိုးကြာ၊ ဣဗိတ်၊ ငှက်ကျား၊ ဝံပို၊ ဝံလို၊

19. တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊

20. အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ်ဖြစ်ရကြမည်။

21. သို့ရာတွင် အတောင်ရှိလျက်ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေထက်ရှည်သော ခြေထောက်ရှိသောတိရစ္ဆာန်တို့တွင်၊

22. အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။

23. အတောင်ရှိ၍ခြေလေးချောင်းနှင့် တွားတတ်သောအခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ်ဖြစ်ရကြမည်။

24. ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကိုထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။

25. ထိုအသေကောင်ကိုဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။

26. ခွါမကွဲပြားသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့အသေကောင်ကို ထိသမျှသောသူတို့သည် မစင်ကြယ်ကြ။

27. ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌မစင်ကြယ်ကြ။ သူတို့အသေကောင်ကိုထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

28. သူတို့အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်းမစင်ကြယ်။

29. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊

30. တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။

31. သူတို့အသေကောင်ကိုထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

32. ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင်တစုံတခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင်မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက်စင်ကြယ်လိမ့်မည်။

33. မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။

34. ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌သောက်စရာရေလည်း မစင်ကြယ်။

35. အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင်ကြယ်ရာသို့ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။

36. သို့ရာတွင် ရေစုဝေးရာစမ်းရေတွင်း၊ တူးသောရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေကောင်ကို ထိမိသောအရာသာ မစင်ကြယ်ရာသို့ရောက်၏။

37. ကြဲစရာမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။

38. ရေ၌စိမ်ထားပြီးသောမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌မစင်ကြယ်။

39. သင်တို့စားအပ်သောတိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။

40. ထိုအသေကောင်ကိုစားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်မစင်ကြယ်။

41. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။

42. ခြေမရှိ၊ ဝမ်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမကများသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန်တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ်ဖြစ်၏။

43. တွားတတ်သောတိရစ္ဆာန်တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကိုမပြုရ။

44. ငါသည် သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန် တစုံတခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ်မညစ်ညူးစေရကြ။

45. ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့်၊

46. သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။

47. ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သောတိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှနှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။