ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 10:1-3 Judson Bible (BJB)

1. အာရုန်၏သားနာဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သောလင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကိုတင်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသောမီးကို ရှေ့တော်၌ပူဇော်၏။

2. ထိုအခါ ထာဝရဘုရားထံတော်မှမီးထွက်၍၊ သူတို့ကိုလောင်သဖြင့် ရှေ့တော်၌ သေကြ၏။

3. ထိုအခါ၊ မောရှေသည်အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကိုချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သော အမှုကိုရည်ဆောင်၍ မိန့်တော်မူသည်ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာနေလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 10