ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှောလမုန်သီချင်း။ 8:1-11 Judson Bible (BJB)

1. ကိုယ်တော်သည် ကျွန်မ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မ သည် ပြင်မှာတွေ့၍ နမ်းပါလိမ့်မည်။ သူတပါးမကဲ့ရဲ့ရ။

2. ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည်နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော်မူပါစေမည်။

3. သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက်မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော်မူပါစေ။

4. ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။

5. မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာသောထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။

6. ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ်ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော်မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။

7. သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ်နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော်လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။

8. ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။

9. သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့စေမည်။

10. ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုးကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။

11. ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှောလမုန်သီချင်း။ 8