ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှောလမုန်သီချင်း။ 2:1-7 Judson Bible (BJB)

1. ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့်၊ ကွင်းပြင်ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။

2. ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ်သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။

3. တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီးကို စားရ၏။

4. ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော်အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။

5. ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာစေကြပါ။

6. သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက်မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။

7. ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီးသည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှောလမုန်သီချင်း။ 2