ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 8:9-22 Judson Bible (BJB)

9. ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။

10. ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါးတို့၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။

11. ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။

12. သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

13. သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည်။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်း သီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

14. ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြသနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ၏။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ၏။

15. ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။

16. သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။

17. ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

18. ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည် စိတ်ပျက်လျက်နေရ၏။

19. ငါ၏ လူမျိုးသတို့သမီးအော်ဟစ်သံကို ဝေးသော ပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော်မမူသလော။

20. အသီးအနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။

21. ငါ၏လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။

22. ဂိလဒ်ပြည်၌ ဗာလဇံပင် အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ ထမြောက်သနည်း။တကျွန်းတနိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 8